Why am I here?
အသင်ဒီ page ကိုရောက်ရှိလာခြင်းကတော့
- အသင်လူသားသည် ပိန်းတိန်းလွန်း၍ Google ဆိုတဲ့ အရာဘာမှန်း မသိသောကြောင့်သော် လည်းကောင်း »
- အသင်လူသားသည် Google ဆိုတာဘာမှန်း သိပါသော်ငြားလဲ သုံးရကောင်းမှန်း နားမလည် သောကြောင့်သော်လည်းကောင်း »
- အသင်လူသားသည် Google ဆိုတာဘာမှန်း သိကာ သုံးရကောင်းမှန်း နားလည်သော်ငြားလဲ ကိုယ့်အားကိုယ်ကိုးပြီး ရှာချင်စိတ်မရှိသဖြင့် (သို့) သင်ရှာသော်လည်း ရှာမတွေ့သဖြင့် သင့်သူငယ်ချင်းကို သွားမေး၍သော်လည်းကောင်း »
- အသင်လူသားကို Web savy ဖြစ်သူ သင့်သူငယ်ချင်းက ယခု page အား အင်မတန့် အင်မတန် သိစေချင် မြင်စေချင်၍ link ပေးလိုက်သောကြောင့်သော်လည်းကောင်း »
- အသင်လူသားသည် လန်ထွက်နေသောကြောင့် ယခု site အကြောင်း ကြားရုံမျှဖြင့် Google မှာ ရှာတွေ့နိုင်သောကြောင့်သော်လည်းကောင်း »s
- မျက်စိလည် လမ်းမှားကာ ခရီးဆုံး၍ ရွာတွေ့ သွားသောကြောင့်သော်လည်းကောင်း ဖြစ်ပေသည်။
Google ဆိုတာ ဂျိုနဲ့လားဟဲ့?
Google ဆိုတာ Internet ပေါ်မှာရှိသမျှ website တွေကို ရှာ၍သိမ်းကာ ဖုန်းစာအုပ်သကဲ့သို့ ရှာနိုင်အောင် လုပ်ပေးထားတဲ့ website တစ်ခုဖြစ်လေသည်။
Google ကို ဘယ်လိုသုံးရမှာလဲ?
http://www.google.com ကိုသွားပြီး အဲ့ဒီ့က Search Box ထဲကိုသာရှာချင်တာကို ရိုက်ထည့်လိုက်ပါ။ လိုချင်တာ ထွက်လာပါလိမ့်မယ်။
ပျင်းတယ် ကိုယ့်ဟာကိုယ် မရှာချင်ဘူး (သို့) ရှာတာပဲ မတွေ့လို့မေးတာကို... အဟင့်
အပျင်းထူတဲ့သူများကိုတော့ Shame On You! ပေါ့... ဒါပေမယ့် ရှာကြည့်ပါဦးလေ တွေ့မှာပေါ့
ဒီ link ကိုပေးလိုက်တဲ့ သူငယ်ချင်းကို သွားမမုန်းလိုက်ပါနဲ့ဗျာ... သူက စေတနာနဲ့ နောက်နောင် လူတိုင်းကို မျက်နှာငယ်လေးနဲ့ လိုက်မေးရမှာစိုးလို့ ဒီ link လေးပေးလိုက်တာပါ
ရှာချင်ပေမယ့် ရှာမတွေ့ဘူးဆိုရင်တော့ ရှာတဲ့ keyword ပြောင်းကြည့်ပါ၊ Free, Mp3 နဲ့ Download ဆိုတဲ့ keyword တွေသုံးတဲ့ အခါမှာ တကယ် အသုံးဝင်နိုင်တဲ့ result ထက် အသုံးမတည့်တဲ့ အများကြီးထွက်လာတတ်တဲ့အတွက် keyword ပိုထည့်ပြီး တိတိကျကျရှာပါ။
Google ကိုဘယ်လို ပိုပြီး အသုံးချနိုင်တယ်ဆိုတာ သိချင်ရင် အောက်က link တွေကိုဖတ်ကြည့်ပါ။
ဒီ site သိပ်မိုက်တယ်ဗျို့! သူများတွေကို ပြချင်တယ်
ပြနိုင်ပါတယ်... အောက်က Share This ဆိုတဲ့ icon လေးကိုသာ click လုပ်ပြီး ပေါ်လာတဲ့ အများကြီးထဲက share ချင်တဲ့ နေရာမှာ share နိုင်ပါတယ်...
ဒါမှမဟုတ်လဲ http://thonebar.mmhan.net/google/ ကို bookmark လုပ်ထားပြီး နောက်နောင် သူငယ်ချင်းတွေလာမေးရင် ပြောလိုက်ပေါ့...
Google မှာရှာလို့ ဒီ site ကိုတွေ့တာဆိုရင်ဖြင့်
သို့မဟုတ် Google ကို သုံးတတ်သွားပြီ ဆိုရင်ဖြင့် ဟောဒီအောက်က Image ကိုသုံးပြီး World Wide Web တခွင် ဗြန်းဗြန်းဆင်အောင် လိုက်ကြွားပါတော့ဗျာ....
